ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်းကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ ရှိ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၏ ရုံးတွင် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဖားကန့်မြို့၌ အမြင့်(၁၅၀)ပေခန့်ရှိ မြေစာပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူ(၂)ဦး ဒဏ်ရာရရှိခဲ့ကာ (၁)ဦး ပျောက်ဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ကိုပင်ဟေဂင်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မြို့ အနောက်ဘက် ၇၀ကီလိုမီတာ အကွာ Holbaek မြို့အနီးတွင် အပေါ့စား လေယာဉ်တစ်စီး အောက်တိုဘာ ၁၆ ရက် နေ့လည်ပိုင်းက ပျက်ကျခဲ့ရာ အမျိုးသား ၂ဦး သေဆုံးကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) China Academy of Sciences နှင့် မြန်မာနိုင်ငံ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ပထမဆုံး စတင် ဖွင့်လှစ်သည့် အပင်အမျိုးအစား ခွဲခြားခြင်းနှင့် သစ်တော စီမံခန့်ခွဲမှု (Plant Identification...