နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော်သည် အမျိုးသား ရင်ကြားစေ့ရေး နှင့် ပြည်ထောင်စု အသွင်ဆောင်သော လွှတ်တော်ဖြစ်ရန် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်တွင်း ပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ပြည်တွင်း၌ ငါးထုတ်လုပ်မှု ကဏ္ဍတွင် သဘာဝမှ ဖမ်းဆီး ထုတ်လုပ်မှုများကို လျှော့ချကာ ငါးမွေးမြူသူ များနှင့် ငါးမွေးကန်များ တိုးတက် လာစေရန် စီမံချက်ချ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက် ( ဆင်ဟွာ) ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်၌ စတင်ကျင်းပခဲ့ပြီး သဘာပတိအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် မဲဆန္ဒနယ် ၄ မှ ပူးဇုန်လျယ်ထန်း က သဘာပတိအဖြစ်...
ဂျနီဗာ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) မွေးရာပါ ဦးနှောက်သေး ရောဂါနှင့် အာရုံကြော မူမမှန် ဖြစ်ပွားမှု ဘရာဇီးနိုင်ငံတွင် များပြားလာခြင်းကြောင့် နိုင်ငံတကာ နှင့် စပ်ဆိုင်သော လူထုကျန်းမာရေး အရေးပေါ် စိုးရိမ်ရမှု အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) က ဖေဖော်ဝါရီလ ၁...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရှိ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် ခြင်မှ တစ်ဆင့် ကူးစက်နိုင်သည့် ဇီကာ ဗိုင်းရပ်စ် ကာကွယ်ဆေး ကို ကမ္ဘာ့ပထမဆုံး ထုတ်လုပ်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ လ၃ရက်နေ့က ကြေညာခဲ့သည်။