ဦလန်ဘာတာ ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်-မွန်ဂိုလီးယား သဲကန္တာရအဖြစ်ပြောင်းလဲလာမှုကို တားဆီးကာကွယ်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှု စင်တာအား မွန်ဂိုလီးယားနိုင်ငံ မြို့တော် ဦလန်ဘာတာ၌ စက်တင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် စက်တင်ဘာလအတွင်း ကုလသမဂ္ဂရုံးချုပ်သို့ လာရောက်မည်ဟု ခန့်မှန်းထားကြောင်း ယခုလအတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၊ အယ်လ်ဘေးနီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Ferit Hoxha က ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဥပဒေရေးရာဝန်ဆောင်မှု လုပ်ငန်းများ အပါအဝင် ဝန်ဆောင်မှုကဏ္ဍ၌ တံခါးဖွင့်လှစ်ဆောင်ရွက်မှု တိုးချဲ့သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၂ ရက်တွင် ပြုလုပ်သော ၂၀၂၃ ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းကုန်စည်ပြပွဲ၏ ကမ္ဘာ့...
ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စန္ဒယှောကျေးရွာအနီးတွင် စက်တင်ဘာ ၂ ရက် ည ၁၀ နာရီခန့်က ကား ၃ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ကုန်တင်ကားနှင့် Hijet ကားတို့မှာ လမ်းဘေးရေမြောင်းအတွင်းထိုးကျကာ ကျန်တစ်စီးမှာလမ်းပေါ်၌တိမ်းမှောက်သွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူ၂ ဦးသေဆုံးခဲ့ပြီး လူ...
ကိုင်ရို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ၌ နိုင်ငံ ၃၄ နိုင်ငံမှ တပ်ဖွဲ့နှင့်လေ့လာသူ ၈,၀၀၀ ပါဝင်သည့် နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုအား စတင်ခဲ့ ကြောင်း အီဂျစ်စစ်တပ်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။