ပေကျင်း၊အောက်တိုဘာ၆ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ်ပထမနှစ်ဝက်အတွင်းနိုင်ငံရပ်ခြား သို့သွားရောက်လည်ပတ်သော တရုတ်နိုင်ငံသားကမာ္ဘလှည့်ခရီးသွားများ၏အသုံးစရိတ်ငွေမှာ အမေရိကန်ဒေါ်လာ ၁၂၇.၅ဘီလီယံထိရှိခဲ့ကြောင်း တရုတ်နိုင်ငံနိုင်ငံခြားငွေကြေးလဲလှယ်ရေး စီမံခန့်ခွဲမှုဌာန (SAFE) ၏ထုတ်ပြန်ချက်အရသိရသည်။
ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသည့်ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲတွင် မီတာ၄ x၁၀၀မီတာလက်ဆင့်ကမ်းပြေးပွဲတွင် တရုတ်အမျိုးသား နှင်၌အမျိုးသမီး တို့ အရည်အချင်းပြည့်မီ၍ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
မနီလာ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ ဂူမာကာမြို့ရှိ အဝေးပြေးလမ်းမတွင် ဝက်ဂွန် (Wagon) ကားတစ်စီးနှင့် ကုန်တင်ထရပ်ကားတစ်စီးတို့ အောက်တိုဘာလ ၅ ရက် အရုဏ်မတက်မီက တိုက်မိခဲ့ရာ လူ ၅ ဦးသေဆုံး၍ အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အရှေ့ပိုင်း ဂျာပါခရိုင်တွင် တရုတ်-နီပေါ ချစ်ကြည်ရေး စက်မှုဥယျာဉ်အတွက် နီပေါရင်းနှီးမြှုပ်နှံမှုအဖွဲ့ (IBM) နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Damak Clean စက်မှုဥယျာဉ်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တိုင်ယွန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံမြောက်ပိုင်းရှန်ဇီပြည်နယ်အတွင်းရှိ တိုင်ယွန်ဂြိုဟ်တုလွှတ်တင်ရေး စခန်းမှ ၎င်း၏သုတေသနဂြိုဟ်တုတစ်စင်းကို အာကာသအတွင်းသို့ အောက်တိုဘာလ ၅ ရက်၊တရုတ် စံတော်ချိန် နံနက် ၂း၅၁ နာရီတွင်လွှတ်တင်ခဲ့ကြောင်း သတင်းများအရသိရသည်။