ပေကျင်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် social distancing ကန့်သတ်ချက်များအား ဖြေလျှော့နေပြီဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း ၇ သန်းကျော်ရှိလာကြောင်း အောက်တိုဘာ ၁၁ ရက် သတင်းများအရ သိရသည်။
ဆစ်ဒနီ ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် ဝန်ကြီးချုပ် Scott Morrison ၏ ကားကို ဒုက္ခသည်အခွင့်အရေးများအပေါ် မကျေနပ်သည့် ဆန္ဒပြလူအုပ်ကြီးက ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် မင်နီဖြင့် ဖျန်းပက်ခဲ့ကြောင်း သိရသည်။
ရှီးချန်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အမြင်အာရုံခံစနစ်ဖြင့် အဝေးထိန်းဂြိုဟ်တုသစ်တစ်စင်းကို ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၂ ရက် ပေကျင်းစံတော်ချိန် ၀၀:၅၇ နာရီက အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ် နှင့် အာဖရိက နှစ်ဖက်စလုံးသည် အမျိုးမျိုးသော အန္တရာယ်များ နှင့် စိန်ခေါ်မှုများကို အောင်မြင်စွာကျော်ဖြတ်နိုင်ရေး လက်တွဲကာ စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ဆုပ်ကိုင်ထားရန် အသင့်ရှိကြောင်း နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံစုံပါဝင်ရေးဝါဒ ၊...
ဝါရှင်တန်၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) ဆေးဘက်ဆိုင်ရာသုတေသနပြုချက်အရ ဗိုင်းရပ်စ်သည် တစ်ဖန်ပြန်လည် ကူးစက်မှု ဖြစ်ပေါ်နိုင်ကြောင်း အကြံပြုထားစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အား ယခုအခါ“ ခံနိုင်ရည်” ရှိသွားပြီဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။