ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) YBS စီးနင်းသူလျော့ကျနေသည့်အချိန်တွင် YBS ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခပိုမိုတောင်းခံမှုများရှိလာပါက ၎င်းယာဉ်လိုင်း၏ ကျူးလွန်မှုပေါ်မူတည်၍ ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ ၄၀,၀၀၀ ကျော်အား COVID-19 ရောဂါပိုးရှိ/မရှိ Swab ယူစစ်ဆေးပေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ နည်းပြ အဖွဲ့ဝင်များကို နှစ်ကုန်ပိုင်းတွင် သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။
ရောမ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် အောက်တိုဘာ ၉ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ၅,၃၇၂ ခုဖြင့် မှတ်တမ်းဝင်ခဲ့ကြောင်း အီတလီ ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး လူမှုကွန်ယက် စာမျက်နှာ(Facebook)တွင် သတင်းအမှားများ တင်ခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ ၏ အမည်နှင့် လုပ်ဆောင်ချက်များအား အများ ပြည်သူ သိရှိစေရန် Myanmar President Office...