ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန် အမေရိကန်ဒေါ်လာ၁၆ ဒသမ ၂ ဘီလီယံတင်ပို့ရန်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒဿမ ၅ ဘီလီယံတင်ပို့ရန် လျာထားကြောင်း၊ နိုဝင်ဘာလအထိ လျာထားချက်၏ ပို့ကုန် ၁၄...
ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ချင်းပြည်နယ် ၊ မင်းတပ်ခရိုင် ၊ မတူပီမြို့နယ် ၊ လိုင်လင်းပီမြို့ရှိ လိုင်လင်းပီလေယာဉ်ကွင်းငယ်တည်ဆောက်ရေးစီမံကိန်းမှာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၅ ရာခိုင် နှုန်းတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရေးသား၊နောက်ခံစကားပြော / စုဝင့်၊ ရိုက်ကူး၊ရုပ်သံတည်းဖြတ်/ ဝေယံ မျိုးသုဉ်းလုနီးအောက်ချင်းငှက်များ နှင့် အောင်လောင် ငှက်မျိုးစိတ်များ ကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ပဲခူးရိုးမ တို့ရှိတောင်တန်းများနှင့် သစ်တောများထဲတွင်တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် အောက်ချင်းငှက်...
ဝန်ချန်း၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်/ရုပ်သံတည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ၏ အလေးချိန် အလယ်အလတ်အဆင့် တင်ဆောင်နိုင်သော Long March-8 သယ်ဆောင်ရေးဒုံးပျံ အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ် ကမ်းရိုးတန်းရှိ ဝန်ချန်း အာကာသယာဉ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ ပွဲဦးထွက်လွှတ်တင်ခဲ့သည်။ (Xinhua)
ဘန်ကောက်၊ဒီဇင်ဘာ၂၃ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ထိုင်းနိုင်ငံ စမွတ်စခွန်းပြည်နယ်(Samut Sakhon) တွင် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်ခဲ့ရာ ပြန့်နှံ့ကူးစက်လာမည်ကို စိုးရိမ်သဖြင့် နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပရန် စီစဉ်ထားမှုများကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းနိုင်ငံ ပတ္တယားမြို့ အာဏာပိုင်များက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။