ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၇၄,၇၁၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
နယူးယောက်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုနှင့် တရုတ် နှင့် အမေရိကန်နိုင်ငံသားများ အကြား ချစ်ကြည်ရင်းနှီးမှု ကို ပိုမို ခိုင်မြဲစေရန်ရည်ရွယ်ကာ ယခုနှစ်မှ စတင်ကာ အောက်တိုဘာလ ၁ ရက်နေ့ အား တရုတ်နိုင်ငံနေ့အဖြစ်သတ်မှတ်ရန် နယူးယောက်အထက်လွှတ်တော် က ဇွန်လ ၁၈ ရက်နေ့က...
လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အိုအာဟူ (Oahu) ကျွန်းရှိ လေယာဉ်ကွင်းအနီး ဇွန်လ ၂၁ ရက်ညနေပိုင်းက အင်ဂျင်နှစ်လုံးတပ် လေထီးခုန်လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် လေယာဉ်ပေါ်လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အတည်ပြုခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး မဟာဗျူဟာစီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် ထံမှ သိရသည်။
ဘဂ္ဂဒက်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ဘက်ရှိ ရှီးအိုက်ဗလီတစ်ခုတွင် ဇွန်လ ၂၁ ရက်က ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး အခြားလူ ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပြီး အသေခံဗုံးခွဲမှုဟု အစောပိုင်းသတင်းများကိုမူ ငြင်းဆိုလိုက်ကြောင်း...