ကိုင်ရို၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ ၏ မြို့တော် ခါတွန် သို့ ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ပျံသန်းမည့် အီဂျစ် နိုင်ငံ၏ အမျိုးသားလေကြောင်းEgyptAir လေယာဉ်နှစ်စီး ခရီးစဉ် များကိုဖျက်သိမ်းခဲ့ကြောင်း အီဂျစ်လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဘာလင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ယခုမေလတွင် ကျင်းပခဲ့သော ဥရောပပါလီမန်ဆိုင်ရာရွေးကောက်ပွဲများ( EP elections) သည် အစိမ်းရောင်ဖွံ့ဖြိုးမှုများ၊ ဥရောပသမဂ္ဂနှင့် အနီးကပ်ဆက်ဆံမှုကို ဆန့်ကျင်သည့် မူဝါဒများ နှင့် ဗဟိုလက်ယာယိမ်းဝါဒ နှင့် လူမှုဒီမိုကရက်တစ်ဝါဒီများ အားလျော့လာခြင်းတို့နှင့်အတူ အစဉ်အလာအာဏာချိန်ခွင်လျှာ ကမောက်ကမ ဖြစ်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။
ဝါရှင်တန်၊ ဇွန် ၅ ရက်(ဆင်ဟွာ) ကျူးဘားသို့ သွားရောက်သောသူများအား အမေရိကန်က ကန့်သတ်မှုများပြုလုပ်သွားပြီး ကျူးဘား စစ်ဘက်ဆိုင်ရာနှင့်လုံခြုံရေးဌာန၏ အကျိုးအမြတ်ရရှိမှုများကို တားဆီးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) တရုတ် – မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ အခမ်းအနားအား ဇွန် ၃ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်...
ပေကျင်း၊ ဇွန် ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့သွားရောက်ပညာသင်ယူကြမည့် ကျောင်းသားများနှင့် ပညာရှင်များ အနေဖြင့် အခက်အခဲ အတားအဆီးများကြုံတွေ့လာနိုင်ကြောင်း တရုတ်နိုင်ငံပညာရေးဝန်ကြီးဋ္ဌာနက သတိပေးပြောကြားခဲ့သည်။ ပညာရေးဝန်ကြီးဋ္ဌာနအနေဖြင့် အမေရိကန်ဗီဇာ တင်းကျပ်ထားမှုကို ကိုးကားကာ ကျောင်းသားများတွင် ထိခိုက်နစ်နာမှုများတိုးပွားလာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများပိုမို ပြုလုပ်ထားရန်လိုအပ်ကြောင်းဆိုသည်။ အဆိုပါသတိပေးချက်မှာ အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးပိတ်ဆို့မှုများအကြား တရုတ်နိုင်ငံအနေဖြင့် မိမိ၏...