မက္ကဆီကိုစီးတီး၊ မေ ၁၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အရှေ့တောင်ဘက် Quintana Roo ပြည်နယ် Playa del Carmen မြို့တွင် မက္ကဆီကို သတင်းထောက်တစ်ဦးမှာ ခြိမ်းခြောက်မှုများရရှိပြီးနောက် အရက်ဆိုင်တစ်ခုအပြင်ဘက်တွင် မေလ ၁၆ ရက်က အသတ်ခံရကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
ထရီပိုလီ၊ မေ ၁၇ ရက် (ဆင်ဟွာ) တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၆၁ ဦး ကို လစ်ဗျားနိုင်ငံ ၏ အနောက်ဘက်ကမ်းရိုးတန်း အလွန်တွင် ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျားနိုင်ငံ ကမ်းခြေစောင့်တပ်က မေလ ၁၆ ရက်တွင် ပြောသည်။
ပေကျင်း၊ မေ ၁၇ ရက်(ဆင်ဟွာ) အာရှယဉ်ကျေးမှု ခရီးသွားပြပွဲဖွင့်ပွဲ အခမ်းအနားကို မေ ၁၆ ရက်က ပေကျင်းမြို့ အမျိုးသား စိုက်ပျိုးရေးပြတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားထိပ်သီးကလပ် ပိုဟန်စတီးလားစ်အသင်း သည် မေလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဘောလုံးခြေစမ်းခရီးစဉ် လာရောက်မည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းနှင့်အပါအဝင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
ဝါရှင်တန်၊ မေ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကျွမ်းကျင်မှုမြင့်မားသော ရွှေ့ပြောင်းသွားလာသူများအား အခွင့်အရေးပေးရန်နှင့် မိသားစုအခြေစိုက် ရွှေ့ပြောင်းသွားလာမှုအား တားမြစ်ရန် ရည်ရွယ်ထားသော နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှု အစီအစဉ်တစ်ခုအား မေလ ၁၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။