ပေကျင်း ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူများအတွက် စံပြလုပ်ဆောင်မှုချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေးတစ်ခုသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးကို စက်တင်ဘာ ၇ ရက်တွင် ပေကျင်းမြို့တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း...
မော်စကို ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wei Fenghe က တရုတ်နိုင်ငံအနေဖြင့် အစဉ်အမြဲ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို လိုက်ပါဆောင်ရွက်ကြောင်း နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတည်ဆောက်ရန် ကတိကဝတ်ပြုကြောင်း စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၆ ဦးအား တွေ့ရှိရပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် အသက် (၄၆) နှစ် အရွယ် ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦး သေဆုံးမှု ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့...
ရန်ကုန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၇) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၅ ရက် ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။