ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ငွေကျပ်သိန်းပေါင်း ၅,၆၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
မော်စကို၊ မေ ၁ ရက်(ဆင်ဟွာ) နှစ်နိုင်ငံ ဆက်ဆံရေးကို တစ်ဆင့်တိုးမြှင့်ရန် စစ်ရေးနည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ် အာဒိုဂန်တို့သည် ဧပြီ ၃၀ ရက်က တယ်လီဖုန်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်သွားကြရန် ကြိုတင်သတိပေးနှိုးဆော်ချက် ကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ကူဝိတ်၊ မေ ၁ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးတွင် ကူဝိတ်နိုင်ငံမှ ကူညီမည်ဖြစ်ကြောင်း၊ ကူဝိတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Sabah Khaled Al-Hamad Al-Sabah က ဧပြီလ ၃၀ရက်တွင်ပြောခဲ့သည်။
ဖနွမ်းပင် ၊ မေ ၁ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ အန်းကောဝပ်ရှေးဟောင်းနယ်မြေသို့၂ဝ၁၉ ခုနှစ် ပထမ ၄ လအတွင်း ကမ္ဘာလှည့် ခရီးသည် ၉၇၃,၃ဝ၅ ဦးဝင်ရောက်ခဲ့ရာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ယနေ့မေ ၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။