ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၌ အောက်တိုဘာ ၂၁ ရက်တွင် ခရီးသည်တင်ယာဉ်တစ်စီးမှ အရှိန် မထိန်း နိုင်ဘဲ လမ်းဘေးတွင် ရပ်တန့်ထားသည့် ထော်လာဂျီယာဉ်အား ဝင်ရောက် တိုက်မိခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု...
ဒါကာ၊အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါရရှိသူ ၉ သောင်းကျော် ရှိရာ ၎င်းတို့အနက် ၁၀၄ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
တီဟီရန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mohammad Javad Zarif က အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုမြင့်တက်အောင် အမေရိကန်နိုင်ငံက ဖန်တီးလုပ်ဆောင်နေကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ချုံချင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင်းမြို့၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ၂၀၁၉ ခုနှစ် ပထမကိုးလတာကာလအတွင်း ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အာဆီယံက အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့ကြောင်း သိရသည်။
အယ်လ်ဆာ၊အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် Ejina Populus သစ်တောဥယျာဉ်ဖြတ်ကျော် နိုင်ငံတကာ မာရသွန်အပြေးပြို်ငပွဲကို တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အယ်လ်ဆာ(Alxa) ဒေသခွဲ ၊ အေဂျီနာ(Ejina)တံခွန်နယ်တွင် အောက်တိုဘာ ၂၀ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။