ရှီးချန်း၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဂြိုဟ်တုအသစ်နှစ်စင်းကို စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ယနေ့ (မေ ၃၀ ရက်) တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးအတည်ပြုချက်များအရ အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၁၇ ဦး၌ COVID-19 ရောဂါ တွေ့ရှိရပြီး စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ ၂၂၄ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးက ယနေ့ (မေ ၃၀ ရက်) နံနက်အစောပိုင်းတွင် ထုတ်ပြန်သော...
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တွင် နှစ်စဉ်ကျင်းပသည့် နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးနှစ်ရပ်တာကာလအတွင်း စိတ်ချလုံခြုံမှုရှိစေရန်နှင့် အစည်းအဝေးရလဒ်ကောင်းများရရှိစေရန် စီမံဆောင်ရွက်ထားပုံကို ဆင်ဟွာသတင်းထောက် ဖုန်းရင်က သွားရောက်ရိုက်ကူးတင်ဆက်ထားပါသည်။ (Xinhua)
ထျန်းကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထျန်းကျင်းမြို့ရှိ FAW-Volkswagen မော်တော်ကားထုတ်လုပ်ရေးစက်ရုံတွင် အလိုအလျောက်သယ်ယူပို့ဆောင်ရေးစက်ရုပ် ၂၀၀ ကျော် ဖြင့် မော်တော်ယာဉ်ထုတ်လုပ်ရာတွင် အရေးပါသည့် အစိတ်အပိုင်းများကိုသယ်ယူပို့ဆောင်ပေးလျှက်ရှိသည်။ သေးငယ်သည့် ၎င်း အလိုအလျောက် သယ်ယူပို့ဆောင်ရေးစက်ရုပ်များမှာ အလေးချိန် ၂၅၀၀ ကီလိုဂရမ်ကိုသယ်ဆောင်နိုင်ပြီး သတ်မှတ်ထားသည့်နေရာသို့ အစိတ်အပိုင်းများကိုပို့ဆောင်ပေးနိုင်ကြောင်းသိရသည်။ (Xinhua)
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ဇွန်လ ၁၅ ရက် ၂၃:၅၉နာရီအထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မေ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။