ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၁၉ ခုမြောက်ကမ္ဗည်းပြားအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် Royal Philips Corporation တို့ပူးပေါင်းကာ တပ်ဆင်ပေးခဲ့ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင် မူဆယ်မြို့တွင် လေယာဉ်ကွင်းသစ် ဖောက်လုပ်ရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ရှီကျင့်ဖိန်သည် ပြည်သူ အခြေပြု သဘောတရား ဖွံ့ဖြိုးတိုးတက်မှုအတွက် ကတိပြုခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူများ၏ စိတ်ချမ်းသာမှု တိုးမြှင့်ရေး ရှေးရှုသော လုပ်ငန်းစဉ် တည်ငြိမ်စေရေးနှင့် တစ်ဦးစီတိုင်းအတွက် ဘုံ...
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က ပြုပြင်ပြောင်းလဲမှုများ နှင့် ပွင့်လင်းမြင်သာမှုများ ပိုမိုရရှိအောင် ဆောင်ရွက်သွားမည်ဟု အောက်တိုဘာ ၂၅ရက်က သတင်းထောက်များ နှင့် တွေ့ဆုံစဉ် ကတိစကားပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်ကိစ္စတို့နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms. Renata Nicola Lok-Dessallienတို့ တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...