ဝါရှင်တန် ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ငလျင်တိုင်းတာရေးဌာန ထုတ်ပြန်ခဲ့သည့် အချက်အလက် အရ အောက်တိုဘာ ၁၀ ရက်နေ့၌ အန္တာတိကတိုက် Bouvet ကျွန်း အနီးတွင် ရစ်(ခ်)တာစကေး (၆.၇)အဆင့် ရှိသော ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရသည်။
ရန်ကုန်၊အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) နိုင်ငံသားအားလုံး အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကို ယနေ့ အောက်တိုဘာ ၁၀ရက်နေ့၌ ရန်ကုန်မြို့ အောင်ဆန်းဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ မဟာယာန...
ဘန်ကောက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က အထွေထွေရွေးကောက်ပွဲကို ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ဆန်ဒီယာဂို ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ချီလီ နိုင်ငံ မြောက်ပိုင်း ဒေသတွင် အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်၌ ရစ်(ခ်)တာစကေး (၆.၃)အဆင့် ရှိသော ငလျင် လှုပ်ခတ် ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး...