ဝါရှင်တန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်က မတ် ၉ ရက် တွေ့ဆုံမေးမြန်းမှု၌ အစိုးရ စည်းကြပ်ခွန်မူဝါဒအပေါ် ကာကွယ်ပြောဆိုခဲ့ရာ ယင်းကြောင့် အမေရိကန် စီးပွားရေး ဆုတ်ယုတ်နိုင်မှုကို ပယ်ချရန် ထရမ့် ငြင်းဆိုခဲ့ကြောင်း အမေရိကန် မီဒီယာများက ယင်းနေ့တွင် သတင်းဖော်ပြခဲ့သည်။...
လဲ့ချင်း (ကျဲ့ကျန်း)၊ မတ် ၁၀ ရက် (ဆင်ဟွာ) နွေဦးလေပြေက လက်ဖက်မွှေးရနံ့များ ဆောင်ကြဉ်းလျက်ရှိသလို နွေဦးရာသီ လက်ဖက်ခူးဆွတ်ခြင်း လုပ်ငန်းမှာလည်း အလုပ်များလျက်ရှိသည်။ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ လဲ့ချင်းမြို့၊ ပိုင်ရှီလမ်းတွင် လှိုင်းကလေးများသဖွယ် အတက်အကျရှိသော လက်ဖက်ခြံထဲတွင် လတ်ဆတ်သော လက်ဖက်မွှေးရနံ့များ သင်းပျံ့နေပြီး ၎င်းဒေသ၏ “နွေဦးလက်ဖက်” ခူးဆွတ်ရာသီသို့...
ကျန့်အိုး (ဖူကျန့်)၊ မတ် ၁၀ ရက် (ဆင်ဟွာ) မကြာသေးမီရက်က တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ကျန့်အိုးမြို့ ရှောင်ချောင်မြို့နယ်၌ ဝမ်းဗိုက်ဝါ ထရိုဂိုပန်ငှက် (Cabot’s tragopan) ၂၂ ကောင်ပါဝင်သော ငှက်တစ်အုပ်ကို တွေ့ရှိခဲ့သည်။ ဝမ်းဗိုက်ဝါ ထရိုဂိုပန်ငှက်သည် တရုတ်နိုင်ငံတွင်သာ တွေ့ရတတ်သော မျိုးသုဉ်းလုနီးပါးဖြစ်သည့် ငှက်အမျိုးအစားဖြစ်သလို နိုင်ငံပထမအဆင့်...
ဆိုးလ်၊ မတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အတူ “Freedom Shield” အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာနက မတ် ၉ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်ဟု KCNA သတင်းဌာနက မတ် ၁၀ ရက်တွင်...
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၏ ကမ်းရိုးတန်းမြို့လေးဖြစ်သည့် ရစ်ကျောက်တွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းအချို့က ထုတ်လုပ်နိုင်စွမ်းနှင့် ထုတ်ကုန်အရည်အသွေး မြှင့်တင်ရန် စမတ်နည်းပညာဖြင့် ထုတ်လုပ်နည်းကို အသုံးပြုလျက်ရှိသည်။ Bittel Intelligent Technology ကုမ္ပဏီမှာ မော်ဂျူးဒီဇိုင်းနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် အဓိကလုပ်ကိုင်လျက်ရှိကာ စမတ်နည်းပညာသုံး ဟိုတယ်နှင့် နေအိမ်များ၏ ဂေဟစနစ်အတွက် အမြောက်အမြား...