ဘာလင်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်သည် မကြာသေးမီရက်က ပြင်သစ်စစ်တပ်များအား မိန့်ခွန်းပြောကြားစဉ်တွင် ဥရောပအနေဖြင့် “မဟာဗျူဟာမြောက် နိုးထမှု” လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သလို ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန်နှင့် လုံခြုံရေးကဏ္ဍတွင် အမေရိကန်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချရန် ပြောကြားခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်...
ဂရိနိုင်ငံ မြောက်ပိုင်းရှိ တောင်ကုန်းများအကြား တည်ရှိသော လေအားလျှပ်စစ်ထုတ်လုပ်သည့် နေရာလေးခုမှာ ထင်ရှားသော အမှတ်သညာများ ဖြစ်လာခဲ့သည်။ ထိုလေရဟတ်များသည် China Energy Guohua Investment Europe Renewable Energy S.A. က ဦးစီးလုပ်ကိုင်လျက်ရှိသော သရေ့စ် (Thrace) လေစွမ်းအင်စီမံကိန်း၏ တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင်...
ရုရှား သမ္မတ ဗလာတီမာပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အကြား ဖြစ်နိုင်ခြေရှိသော ဆက်သွယ်ဆွေးနွေးမှုအတွက် အမေရိကန် အစိုးရဘက်က အရိပ်အယောင်ပြသခြင်း မရှိသေးဟု ကရင်မလင်နန်းတော် ပြောခွင့်ရ ဒီမီထရီ ပက်စကော့ဗ်က ဇန်နဝါရီ ၂၇ ရက်၌ ပြောကြားခဲ့သည်။ “အခုအချိန်အထိတော့ အမေရိကန်ဘက်က အရိပ်အယောင်ပြတာမျိုး မရှိသေးပါဘူး” ဟုလည်း ပက်စကော့ဗ်က...
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးအခမ်းအနားများတွင် တရုတ်ရိုးရာအစားအစာများနှင့် ယဉ်ကျေးမှုဆိုင်ရာထုတ်ကုန်များ ခင်းကျင်းပြသခြင်းများက မြန်မာနိုင်ငံ၏ ကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ် မြှင့်တင်ရေးအတွက်လည်း အတုယူဖွယ်ကောင်းကြောင်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောကြားခဲ့သည်။ လက်ရေးလှ၊ ပန်းချီ၊ ကြွေထည်၊ တရုတ်ဗျပ်စောင်းတင်ဆက်မှုနှင့် ဆေးရောင်ခြယ်ယပ်တောင် (lacquer...
ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) အီဂျစ်၊ ကာတာနှင့် အမေရိကန်နိုင်ငံတို့ကြားဝင်စေ့စပ်ပေးထားသည့် အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိထားချိန်အတွင်း အီဂျစ်နိုင်ငံသည် ရာဖာနယ်စပ်ဂိတ်ကိုဖြတ်၍ ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးထရပ်ကား အစီးရေ ၃၁၀ စီးအား ဇန်နဝါရီ ၂၆ ရက်က ထပ်မံပို့ဆောင်ခဲ့ကြောင်း အီဂျစ်နိုင်ငံသတင်းအချက်အလက်ဌာန (SIS)...