ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်က တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ၎င်းတို့၏ ကတိပြုမှုကို အတိအလင်း ထပ်လောင်းပြောကြားခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၁၉ ရက်တွင် ကြေညာခဲ့သည်။
အစ္စတန်ဘူလ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံက ပြည်တွင်းထုတ် စစ်သင်္ဘော ၃ စင်းနှင့် မောင်းသူမဲ့ရေတပ်သင်္ဘောတစ်စင်းအား နိုင်ငံအနောက်မြောက်ပိုင်း Yalova ပြည်နယ်၌ ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ ယင်းသင်္ဘောများက တူရကီနိုင်ငံ၏ ရေတပ်စွမ်းရည် မြှင့်တင်ရေး အထောက်အကူပြုလိမ့်မည်ဟု...
ဆန်းကျန့်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် ပထမဆုံး ဒရုန်းဖြင့် သွေးများ သယ်ယူပို့ဆောင်ရေးပလက်ဖောင်းကို ဇန်နဝါရီ ၁၉ ရက်၌ တရားဝင်စတင်အသုံးပြုပြီဖြစ်သည်။ 5G နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာပေါင်းစပ်ထားသော အဆိုပါ ပလက်ဖောင်းသည် ဘေးကင်းစိတ်ချရပြီး သွေးများသယ်ယူပို့ဆောင်ရာတွင်လည်း ထိရောက်မှုမြင့်မားကြောင်း သိရသည်။...
ဆိုးလ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) သို့ ရုရှာနိုင်ငံသမ္မတ ဗလာတီမာပူတင်က သွားရောက်လည်ပတ်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး၏ လက်ထောက်ရုံးက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ မြောက်ကိုရီးယားနိုင်ငံပိုင် (KCNA) သတင်းအေဂျင်စီက ဇန်နဝါရီ ၂၁ ရက် တွင်သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ထပ်မံဖွင့်လှစ်တိုးချဲ့မည့် အဆင့်မြင့် ၇ ထပ်ဆောင် ခုတင် ၄၀၀ ဆံ့ ဆေးရုံကြီး၌ ရန်ကုန်တိုင်းဒေသကြီးသာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အကုန်အကျသက်သာစွာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဆေးရုံသစ်ကြီးတွင်ဓာတ်မှန်ခန်း ၆ ခန်း...