ဟိုင်ခို ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၌ မတ် ၁၀ ရက်တွင် တွေ့ရှိခဲ့သော သောင်တင်နေသည့် လင်းပိုင်ကို သုံးနာရီကြာ ကယ်ဆယ်ရေး ပြုလုပ်ပေးပြီးနောက် ပင်လယ်အတွင်းသို့ ပြန်လည်၍ လွှတ်ပေးခဲ့ကြောင်း ဒေသတွင်းမီးသတ်ဌာနထံမှ သိရသည်။
ဂျကာတာ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မီရာပီမီးတောင်သည် မတ် ၁၁ ရက်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာမှုန်များက အနီးနားရှိ ကျေးရွာအများအပြားသို့ မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ(BPPTKG)က ထုတ်ပြန်ခဲ့သည်။
ဗလာဒီဗော့စတော့ခ် ၊ ရုရှား ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ရုရှားအရှေ့ဖျားလူငယ်စက်ရုပ်ဘောလုံးပြိုင်ပွဲအား ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal တက္ကသိုလ်၌ မတ် ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်မြို့ရှိ ဆေးရုံ ၁၀ ရုံထက်မနည်းသည် ငလျင်ဒဏ်ခံနိုင်ရည် မရှိကြောင်း တာဝန်ရှိသူများက ကြေညာခဲ့ပြီးနောက် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ ယင်းဆေးရုံများသည် မြို့အတွင်းရှိ အခြားကျန်းမာရေးအဆောက်အအုံ သို့မဟုတ် ဆေးရုံဝင်းများအတွင်း ပိုမိုဘေးကင်းရာသို့ ပြောင်းရွှေ့ခြင်းဖြင့် ဝန်ဆောင်မှုများ ပေးသွားမည်...
ဖနွမ်းပင် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) ကုန်သွယ်မှုသဘောတူညီချက် နှင့် ကမ္ဘောဒီးယား-တရုတ်လွတ်လပ်သောကုန်သွယ်မှုဇုန်(CCFTA) နှစ်ခုလုံး အသက်ဝင်လာခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့မှုများ အားကောင်းလာခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံသားအများအပြားသည် ဝင်ငွေပိုကောင်းလာကြကြောင်း သိရသည်။