ဂျကာတာ၊ မတ် ၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယင်းမှ မှုတ်ထုတ်လိုက်သည့် ပြာမှုန့်များသည် (၅,၀၀၀)မီတာ အမြင့်ထိရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မတ် ၂ ရက် မွန်းလွဲ ၂ နာရီအထိ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ ၅ သန်းကျော်ရှိပြီဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရိုး ၊ မတ် ၃ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးအကျော်အမော် ပီလီက COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး“ လုံးဝမမေ့နိုင်စရာ” ဖြစ်ကြောင်း နှင့် ကပ်ရောဂါအဆုံးသတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ မတ် ၃ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံက တရုတ်နိုင်ငံ၏ ဇီဝဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အသုံးပြုရန်အတွက် အခြေအနေရခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဗျူနိုအေးရိစ် ၊ မတ် ၂ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံတွင် မတ်လ ၁ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအားစတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံသို့ ပထမအသုတ် ရောက်ရှိလာသည့် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ ထုတ် COVID-19 ရောဂါ...