လားဆ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တိဘတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းနှင့်ဆက်စပ်ကဏ္ဍများ ပြည့်စုံမှုရှိလာရာ တောင်ယာလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် ဝင်ငွေတိုးပွားရရှိစေမည့်လမ်းကြောင်းသို့ ပြောင်းလဲ ရောက်ရှိလာကြောင်း သိရသည်။
ကိုင်ရို၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukryနှင့်အတူ ဇန်နဝါရီ ၈ ရက်က ကိုင်ရိုမြို့တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက လစ်ဗျားနိုင်ငံ၏တစ်ခုတည်းသောထွက်ပေါက်ဖြစ်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ အနေဖြင့် ယူကရိန်း လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့သူများ အတွက် လွန်စွာ ကြွေကွဲ ဝမ်းနည်းရပါကြောင်း နှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် စာနာ ထောက်ထားမိပါကြောင်း ဇန်နဝါရီ ၈ ရက်က တရုတ်...
တီဟီရန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် နိုင်ငံအတွင်း ပျက်ကျသွားသော လူ ၁၇၆ ဦးလိုက်ပါသွားသည့် ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်မှ တွေ့ရှိခဲ့သည့် လေယာဉ်ပျံသန်းမှု အလိုအလျောက်အသံဖမ်းကိရိယာ (Black box) နှစ်ခုကို ဘိုးရင်းကုမ္ပဏီ သို့မဟုတ် အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးမည်မဟုတ်သော်လည်း ယူကရိန်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်...