ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ယခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေးထိုး အစီစဉ်တွင် ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းစေရန် တိုင်းဒေသကြီးအဆင့် အသိပေး ဆွေးနွေးပွဲမှ သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဇန်နဝါရီ ၇ ရက်က အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား ဦးတည်ပစ်လွှတ်ခဲ့သည့် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများအတွင်း အမေရိကန်ဘက်က အထိအခိုက် အသေအပျောက် မရှိကြောင်း နှင့် အမေရိကန်အနေဖြင့် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်တွင်...
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၂၀ ခုနှစ် မြန်မာ့ရွှေဈေးကွက် အတက်အကျသည် ကမ္ဘာ့ရွှေဈေးကွက်ပေါ်တွင်သာ မူတည်နေကြောင်း၊ ကမ္ဘာ့ရွှေဈေးကွက် သည် တက်ရိပ် ဦးတည်နေသည့် အတွက် ၂၀၂၀ တွင် ရွှေဈေးကွက်မှာ တက်ရိပ်သန်းနေကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေကြီး အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက် စဉ် ကွင်းဆက် ဖော်ထုတ်ချက်များ အရ ဇန်နဝါရီ ၇ ရက်တွင် ကျပ်သိန်း ခုနှစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု...