ဆောပိုလို ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)ဘရာဇီးနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်အချိန်ထိ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၀.၄ သန်းခန့်ရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၂၅၀,၀၀၀ ကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ၊ ဘရာဇီးနိုင်ငံပြည်နယ်အသီးသီးတွင် ကပ်ရောဂါသည် ဆက်လက်ပြန့်ပွားလာခဲ့ပြီး ပြည်နယ်အများအပြား၏ ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ခဲ့ရကြောင်း...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် နိုင်ငံတကာ နယ်စပ်ထိန်းချုပ်မျဉ်း (LoC) တစ်လျှောက်နှင့် အခြားကဏ္ဍများအားလုံးတွင် အပစ်အခတ်ရပ်စဲရေးကို ပူးတွဲကြေညာခဲ့ပြီး ယင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်သို့အကူး သန်းခေါင်ယံအချိန်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ဗဟိုအမေရိကတိုက် နိုင်ငံများဖြစ်သည့် အယ်လ်ဆာဗေးဒိုး ၊ ဂွါတီမာလာ ၊ ဟွန်ဒူးရပ်စ်နှင့် နီကာရာဂွါနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရသူ ဦးရေသည် လွန်ခဲ့သည့်(၂)နှစ်ကထက် လေးဆတိုးမြင့်လာခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများက...
လီမာ ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Sinopharm မှ ထုတ်လုပ်သော COVID-19 ရောဂါကာကွယ်ဆေးများသည် ဖေဖော်ဝါရီ ၂၄ ရက်၌ ဘိုလီးဗီးယားနိုင်ငံ အကြီးဆုံးစီးပွားရေးမြို့တော် Santa Cruz သို့ရောက်ရှိခဲ့ပြီး ဘိုလီးဗီးယားနိုင်ငံ သမ္မတ Luis Arce ၊ နိုင်ငံခြားရေးဝန်ကြီး...
မနီလာ၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၆ သိန်းသည် တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ရောက်ရှိလာမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။