တီဟီရန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က အီရတ်နိုင်ငံရှိ အမေရိကန် အခြေစိုက်စခန်းနှစ်ခုကို ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းမှ အမေရိကန် တပ်ဖွဲ့များထွက်သွားရန် ဇန်နဝါရီ ၈ ရက်တွင် တောင်းဆိုလိုက်သည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) အီရန်က အခြေအနေပိုတင်းမာလာအောင် ၊ စစ်မက်ဖြစ်ပွားအောင် လုပ်ဆောင်နေခြင်း မဟုတ်သော်လည်း ကျူးကျော်မှုမှန်သမျှကို ကာကွယ်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) မိုဘိုင်းဆက်သွယ်ရေးတာဝါများမှပြည်သူသို့သက်ရောက်လျက်ရှိသည့်လျှပ်စစ်သံလိုက်စက်ကွင်းပမာဏကိုသိရှိနိုင်ရေး တိုင်းတာရေးလုပ်ငန်းများအားဆာင်ရွက်လျက်ရှိကြောင်း၊ တိုင်းတာတွေ့ရှိသည့် ရလဒ်များအရ ဆက်သွယ်ရေးတာဝါတိုင်များမှ မိုဘိုင်းရေဒီယိုစက်ပစ္စည်းများ၏ EMF သက်ရောက်မှုသည် International Commission on Non – Ionizing Radiation Protection (ICNIRP) ၏ Safety စံသတ်မှတ်ချက် အောက်တွင်သာရှိကြောင်း...
ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရထားလုပ်ငန်း ပြည်သူ့လုံခြုံရေးအာဏာပိုင်များက ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက်မည့် နွေဦးပွဲတော် ကာလ ခရီးသွားရာသီအတွက် လုံခြုံရေး စိတ်ချရစေရန် လှုံ့ဆော်မှုတစ်ခုကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ရှီးချန်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇန်နဝါရီ ၇ ရက် ပေကျင်းစံတော်ချိန် ည ၁၁ : ၂၀ နာရီက ဆက်သွယ်ရေးနည်းပညာ သုတေသနဂြိုဟ်တုအသစ်တစ်လုံးကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။