ကိုလံဘို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ COVID-19 ထပ်မံကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် လက်ရှိချမှတ်ထားသော နိုင်ငံအနှံ့ခရီးသွားလာခွင့် ကန့်သတ်ချက်အား ဇွန် ၂၁ ရက်အထိ ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း အာဏာပိုင်များက ဇွန် ၁၁ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရုရှားနှင့်အမေရိကန် ဆက်ဆံရေးသည် ယခုနှစ်များတွင် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေသည်ဟု ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဇွန် ၁၁ ရက် အမေရိကန်မီဒီယာ၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဒါကာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန် ၁၁ ရက်တွင် COVID-19 ရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၁၃,၀၀၀ ဦးနှင့် စုစုပေါင်းကူးစက်ခံရသူဦးရေ ၈၂၂,၀၀၀ ကျော်သို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတွင်း၌ တကျော့ပြန်ကူးစက်မှုအားထိန်းချုပ်ရန် အပြင်းအထန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရောမ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် အသက် ၆၀ နှစ်အောက်ရှိသူများ၌ AstraZeneca ကာကွယ်ဆေးအသုံးပြုခြင်းအား ဇွန် ၁၁ ရက်တွင် ဆိုင်းငံ့ခဲ့ကြောင်း COVID-19 နှင့်ပတ်သက်၍ ပြုလုပ်သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ကြေညာခဲ့သည်။
ယူနန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) လွိကျင်းမြို့နယ်လေးသည် ယူနန်ပြည်နယ် ယွိရှီးမြို့ ရိမန်ခရိုင်တွင် တည်ရှိသည်။ ယင်းဒေသတွင် မြင့်မားမတ်စောက်၍ အန္တရာယ်များသည့် ပထဝီမြေအနေအထားများရှိပြီး အမြင့်ဆုံးနေရာမှ မြို့နယ်အစိုးရ ရှိရာနေရာသို့ အလျားလိုက်မျဉ်းဖြောင့်အကွာအဝေးသည် (၁)ကီလိုမီတာပင် မရှိသော်လည်း ပင်လယ်ရေမျက်နှာပြင်အမြင့်သည် (720)မီတာကျော် ကွာခြားသည်။