ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒက်ဟမ်းမားဂျိုးလ်နှင့် အတူလိုက်ပါလာသည့်ပါတီဝင်များ သေဆုံးမှု ကိုစုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် သောကြာနေ့ကချမှတ်ခဲ့သည်။
ဟာဘင်၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဟေလုံကျန်းပြည်နယ်၊ ဟာဘင်မြို့တွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ရေခဲ နှင်းကမ္ဘာဥယျာဉ်ကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ကမ္ဘာကျော်ကာတွန်းဇာတ်ကားFrozen ၏ အံ့ဖွယ်ထူးခြားလှပသည့် ရေခဲ နှင့် နှင်းများအတိဖြစ်နေသည့် မြင်ကွင်းကိုလည်း ဟာဘင် ရေခဲ နှင်းကမ္ဘာဥယျာဉ်တွင် မြင်တွေ့ ခံစားနိုင်မည်ဖြစ်သည်။(Xinhua)
ဘန်ကောက်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက ၃၉ သန်းမြောက် ကမ္ဘာလှည့်ခရီးသွားဧည့်သည်ကို သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဒီဇင်ဘာ ၂၇ ရက်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦး ဒုတိယရဲအုပ် ဟန်လင်းအောင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။