ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်ခေါင်ရှိ လူသွားလာမှု များပြားသည့် လမ်းအိုဟောင်း တစ်လျှောက် ဖြတ်လျှောက် လိုက်လျှင်ပင် ပျံ့လွင့်နေသည့် လက်နှိပ်စက် စာရိုက်သော အသံများကို ကြားမိရင်း တစ်ချိန်တစ်ခါက ခေတ်စားခဲ့သော လက်နှိပ်စက် များ၏ ရွှေခေတ်ဆီသို့ ပြန်လည် သတိရမိစေခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့သစ် စီမံကိန်း မူလမြေပိုင်ရှင်များသို့ မြေ ၂၀ ရာခိုင်နှုန်းအား ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပခဲ့ကြောင်းသိရသည်။
ကိုလံဘို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် နောက်လတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သူများအား ထောက်ခံသည့်အနေဖြင့် လူထုချီတက်ပွဲများ၊ ပိုစတာများ၊ စာတန်းများကို ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၈ ရက်တွင် တားမြစ်လိုက်ကြောင်း သိရသည်။
လန်ဒန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားဆန္ဒထုတ်ဖော်နေမှု ၂ပတ်ကြာဖြစ်ခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက် နံနက်အစောပိုင်း၌ လန်ဒန် လယ်အစိတ်အပိုင်းတွင် ဆန္ဒထုတ်ဖော် သူ၂၁ ဦးကို ရဲအရာရှိများက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် ကော်မတီစတင်ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၆)ခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ပြီး ယင်းလုပ်ငန်း (၁၆)ခု မှ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ဒသမ၁၈၁၉၄၃ မီလီယံနှင့် မြန်မာကျပ်ငွေ ၁၈ဒသမ၅ ဘီလီယံရှိမည် ဖြစ်ကြောင်း...