အက်ဒစ်အက်ဘာဘာ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အာဖရိကတိုက်အနောက်ပိုင်းရှိ ဂီနီနိုင်ငံတွင် ပြီးခဲ့သော ရက်သတ္တပတ်က အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ ဦးစစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းရောဂါနှင့်ဆက်စပ်၍ သေဆုံးသူ ၃ ဦးရှိခဲ့ကြောင်း အာဖရိကတိုက်ကူးစက်ရောဂါထိန်းချုပ်ရေး နှင့် ကြိုတင်ကာကွယ်ရေးစင်တာ (Africa CDC) က ဧပြီ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် ဆာရိုဂျာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုခဲ့ပြီး ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၁၁၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၆ ရက်၌ ပြောကြားခဲ့သည်။
ကူမင်း ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဧပြီ ၆ ရက်က COVID-19 ရောဂါပြည်တွင်းကူးစက်မှု အတည်ပြုလူနာသစ်နှစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့ ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က အရွယ်ရောက်ပြီးသော အမေရိကန်နိုင်ငံသားအားလုံး လာမည့် ဧပြီ ၁၉ ရက်ထက် နောက်မကျဘဲ COVID-19 ကာကွယ်ဆေးထိုးနှံခွင့်ရရှိမည်ဖြစ်ကြောင်း ဧပြီ ၆ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
ဝယ်လ်လင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံတွင် COVID-19 ကပ်ရောဂါအား အောင်မြင်စွာ စီမံခန့်ခွဲနိုင်သည်မှာ နယူးဇီလန်နှင့် ဩစတြေးလျအကြား ဧပြီ ၁၉ ရက်မှစတင်မည့် ကွာရန်တင်း (Quarantine) ကင်းလွတ်သော ခရီးသွားခြင်းပင်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန် (Jacinda Ardern) ဧပြီ ၆ ရက်တွင်...