ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) COVID-19 အတည်ပြုလူနာသစ် (၁,၉၁၀) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၂၇,၉၇၄) ဦးရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၁၁ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) နိုင်ငံအများအပြားတွင် တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက် စံချိန်တင်တိုးမြင့်လာကြောင်းနှင့် အမေရိကန်နိုင်ငံသည် ကပ်ရောဂါအကျပ်အတည်းကို ဝမ်းနည်းဖွယ် ဖြစ်ရပ်သို့ ရောက်စေခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ ကမ္ဘာ့ ထိပ်တန်းဂျာနယ် The New England Journal of Medicine(NEJM)က ဖော်ပြခဲ့သည်ဟု အောက်တိုဘာ ၁၀ ရက်...
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် အသက် ၆၀ နှစ် နှင့်အထက်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လူငယ်အရာရှိများအား ၎င်းတို့အနေဖြင့် စွမ်းဆောင်ရည်အပြည့်ဖြင့် လက်တွေ့ကျသော ပြဿနာရပ်များကိုဖြေရှင်းရာတွင် စိတ်ဆန္ဒရှိစွာ ပြုမူကြရန် နှင့် စစ်မှန်သောရလဒ်များထွက်ပေါ်လာသည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် အောက်တိုဘာ ၁၀ ရက်က မိန့်ခွန်းပြောကြားခဲ့သည်။
ဘရာဇီးလီယာ ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံရှိ တရုတ်သံရုံးက တရုတ်အစိုးရမှ ဘရာဇီးနိုင်ငံသို့ပေးပို့လှူဒါန်းသော ဒုတိယအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို အောက်တိုဘာ ၉ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ဘရာဇီးနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးတွင် အသုံးပြုရန်အတွက် N95 နှာခေါင်းစည်းများ ၊ ကာကွယ်ရေးဝတ်စုံများ ၊ မျက်မှန်များ...