ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၉ ခုတွင်တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်း ၁၀ နှစ်တာလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ၁၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန မှ ညွှန်ကြားရေးမှူးဒေါက်တာနိုင်ဇော်ထွန်း...
ဝါရှင်တန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ စကားစစ်ထိုးပွဲကော်မတီက အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတရွေးကောက်ခံကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် စကားစစ်ထိုးပွဲအားပယ်ဖျက်လိုက်ပြီး ကော်မတီအနေဖြင့် ယခုလ ၂၂ ရက်တွင်ကျင်းပပြုလုပ်မည့် နောက်ဆုံးအကြိမ်စကားစစ်ထိုးပွဲအပေါ် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
တိဗက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၅၀၀ ကျော်တွင်ရှိသော မျက်စိပသာဒဖြစ်ဖွယ် ရေကန်လေးကန်၏ အံ့ဖွယ်ရှုမျှော်ခင်းများကို ရိုက်ကူးပြသထားသည့် ဗီဒီယိုဖြစ်ပါသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၉ ရက် ညပိုင်း (ပေကျင်းစံတော်ချိန်) က လမ်းကြောင်းပြောင်းတည့်မတ်ခြင်း အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ် အမျိုးသားအာကာသ စီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ထံမှ သိရသည်။
လန်ဒန် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက COVID-19 ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့သည့် ကုမ္ပဏီများနှင့် ၎င်းတို့၏ဝန်ထမ်းများအား ကူညီထောက်ပံ့မှုပြုလုပ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက် ၌ ထုတ်ပြန်ကြေညာခဲ့သည်။