တီဟီရန် ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ ့(IRGC) က နိုင်ငံတောင်ပိုင်း Hormozgan ပြည်နယ်၌ အမေရိကန်ထောက်လှမ်းရေးဒရုန်းတစ်စင်းကို ယနေ့ ဇွန် ၂ဝ ရက် တွင် ပစ်ချခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာနကဖော်ပြခဲ့သည်။
နေပြည်တော်၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) H1 N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ခြောက်လသား ကလေးတစ်ဦးအပါအဝင် ငါးဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ယနေ့ နေ့လယ်၌ မီဒီယာသို့ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stef Blokနှင့် ဇွန် ၁၉ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) နေပြည်တော် ၊ ပျဉ်းမနား မြို့နယ် အတွင်း ဇွန် ၁၉ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ပေဂျင်း ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း(Wang Qishan)သည် အီဂျစ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Ali Abdel-Aal နှင့် ဇွန် ၁၉ ရက်တွင် တွေ့ဆုံခဲ့ပြီး နယ်ပယ် အသီးသီးတွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး...