ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့၌ ခရီးသည်တင် ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ပေကျင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ) ပေကျင်း Daxing နိုင်ငံတကာလေဆိပ်၏ တည်ဆောက်ရေးလုပ်ငန်းများမှာ အလုံးစုံပြီးစီးသွားပြီဖြစ်ရာ ပထမဆုံးစမ်းသပ်မှုအဖြစ် ခရီးသည်တင်လေယာဉ် လေးစင်းသည် ယနေ့ မေ ၁၃ရက်နံနက်ပိုင်းတွင် လေဆိပ်ပြေးလမ်းပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။
ပနားမားစီးတီး၊ မေ ၁၃ ရက်(ဆင်ဟွာ) ပနားမားနိုင်ငံ အနောက်ပိုင်းဒေသတွင် မေ ၁၂ ရက် ညနေပိုင်းက ပြင်းအား ၆.၂အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ပနားမားတက္ကသိုလ် ဘူမိဗေဒအင်စတီကျု၏ ယင်းနေ့၌ ထုတ်ပြန်သည့် သတင်း များအရ သိရသည်။ ငလျင်ကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦအချို့ ပျက်စီးခဲ့ ကြောင်း...
ဟနွိုင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဗုဒ္ဓနေ့ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဟနမ်ပြည်နယ်တွင် မေ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း ၊ အဆိုပါအခမ်းအနားသို့ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော်နှင့်ဒေသများမှ နိုင်ငံတကာကိုယ်စားလှယ်ပေါင်း ၁,၆၅ဝ ကျော်တက်ရောက်လာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) ပါကစ္စတန် နိုင်ငံ အစ္စလာမ် မာဘတ် မြို့ရှိ အသက် ၅၇ နှစ်အရွယ် ဇမီးယား အာမက် အာဝမ် သည် ပါကစ္စတန် အမျိုးသား သိပ္ပံနှင့် နည်းပညာတက္ကသိုလ်(NUST) တွင် တရုတ်အတွေးအခေါ်ဆိုင်ရာ ပါမောက္ခ တစ်ယောက်ဖြစ်သည်။ ရပ်ဝန်းနှင့် ပိုးလမ်းမ...