ကဘူးလ်၊ မေ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်တွင် မေလ ၈ ရက်က ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း၊ ဒေသခံများအကြား ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ဘဂ္ဂဒက်၊ မေ ၈ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeoသည် မေ ၇ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ရုတ်တရက်ရောက်ရှိလာပြီး အီရတ်ရှိ အမေရိကန်အကျိုးစီးပွားကို အာမခံမှုရရှိစေရန်နှင့် အီရန်၏ခြိမ်းခြောက်မှုကိုရင်ဆိုင်ရန် အီရတ်အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။
ဘာလင်၊ မေ ၈ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံမြောက်ပိုင်း Rendsburg မြို့အနီးတွင် ရထားတစ်စီးမတော်တဆမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူအယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Focus Online ဒေသခံသတင်းမီဒီယာက မေလ ၈ရက် တွင်ဖော်ပြခဲ့သည်။
ကိုလံဘို ၊ မေ ၈ ရက်(ဆင်ဟွာ) သီရိလင်္ကာ နိုင်ငံသို့ဧပြီလ အတွင်း ကမ္ဘာလှည့် ခရီးသည် ၁၆၆,၉၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ၊ ပြီးခဲ့သော အီစတာ ပွဲတော်နေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့် ခရီးသည်များက ခရီးစဉ်ပေါင်း များစွာကို ဖျက်သိမ်းခဲ့သဖြင့် နိုင်ငံ အတွင်း...
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။