ရှန်ဟိုင်း၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါကို ထိန်းသိမ်းနိုင်ပြီးနောက် ရှန်ဟိုင်း ဒစ္စနေလန်း (Disneyland) ပန်းဥယျာဉ်ကို အကန့်အသက်များဖြင့် မေ ၁၁ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ထိုက်ယွမ်၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဒေးလီလီပန်း(daylily) စိုက်ပျိုးရေး၏ အရေးပါမှု နှင့် ဒေသခံပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အထောက်အပံ့ဖြစ်နေမှုအပေါ် အလေးထားပြောကြားခဲ့သည်။
ဂျီနီဗာ၊ မေ ၁၂ ရက်(ဆင်ဟွာ) ယခုကာလများတွင် နိုင်ငံအများစုက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို တစ်စတစ်စပြန်လည်ဖြေလျှော့မှုများပြုလုပ်လာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုင်ငံအသီးသီးအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်တစ်ကျော့ပြန်လည်ခေါင်းထောင်လာမည်ကို သတိမူကြရန် မေ ၁၁ ရက်က တိုက်တွန်းနှိုးဆော်ခဲ့သည်။
နယူးဒေလီ ၊ မေ ၁၂ ရက်(ဆင်ဟွာ) အိန္ဒိယ နိုင်ငံ၌ မေ ၁၂ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါကြောင့် လူနာ ၈၇ ဦး ထပ်မံ သေဆုံးခဲ့ပြီး မေ ၁၁ ရက်မှ စ၍ ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၃,၆၀၄ ဦး ထံမံတိုးလာခြင်းနှင့်အတူ...
ပေကျင်း၊ မေ ၁၂ ရက်(ဆင်ဟွာ) အာဖရိကနိုင်ငံများ COVID-19 ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းတွင် အားပေးကူညီရန်အတွက် တရုတ်နိုင်ငံအစိုးရမှ ဇင်ဘာဘွေ၊ ကွန်ဂို(ကင်ရှာဆာ)၊အယ်လ်ဂျီးရီးယား နိုင်ငံ သုံးနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့လွှတ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။