ကွာလာအယ်နော်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်အနောက်ပိုင်း Badghis ပြည်နယ်ရှိ ကျေးရွာများကို တာလီဘန်အကြမ်းဖက်အုပ်စုထံ သစ္စာခံထားသည့် စစ်သွေးကြွများက ထိန်းချုပ်သိမ်းပိုက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ရွာသား များစွာကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက အောက်တိုဘာ ၇ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ အမျိုးသားနေ့အားလပ်ရက်များအတွင်း ခရီးသွားကြသူများ နှင့် နေရပ်အသီးသီးမှ မိသားစုထံပြန်လာကြသူများ၏ ရထားအသုံးပြုမှုမှာ စံချိန်တင် အထူးများပြားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ် များကြောင့် ကျောက်တော် မြို့နယ် အတွင်းရှိ ကျေးရွာများသို့ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိလာသည့်အတွက် ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏...
ဝါရှင်တန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်မှ ၁၄ စင်းမြောက် Virginia-class အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘော ယူအက်စ်အက်စ်ဝါရှင်တန်( U.S.S ) ကို အောက်တိုဘာလ ၇ ရက်တွင် ဗာဂျီးနီးယားပြည်နယ်ရှိ ရေတပ်စခန်း၌ စတင်ရေချခဲ့ကြောင်း သိရသည်။