ကိုလံဘို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပနေသည့်အတွက် နိုဝင်လာ ၁၆ ရက်၌ မြောက်ပိုင်း မန်နာမြို့တွင် မဲဆန္ဒရှင်များ လိုက်ပါလာသည့် ဘတ်စ်ကားနှစ်စင်းကို အမည်မသိ လူအုပ်စုတစ်စုက ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင် သစ်တန် ၇၅၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့နှင့် ထိစပ်နေသောခရိုင်များရှိ လေထုအရည်အသွေးမှာ နိုဝင်ဘာ ၁၅ ရက်တွင် အန္တရာယ်ရှိအဆင့်သို့ ကျော်သွားခဲ့ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများကို နှစ်ရက်ပိတ်ထားရန် ဒေသခံအစိုးရက တွန်းအားပေးထားကြောင်း ပန်ဂျပ်ပြည်နယ် ကျောင်းပညာရေးဌာနမှ ထုတ်ပြန်ထားသည့် သတိပေးချက်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကား ကို တရုတ်နိုင်ငံ ဖူကျင့်ပြည်နယ် ရှားမန့်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၂၈) ကြိမ်မြောက် တရုတ်ရွှေကြက်-ရာပန်းရုပ်ရှင်ပွဲတော်တွင် ပြသရန် ရွေးချယ်ခံရကြောင်း သိရသည်။
မော်စကို ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ project 636.3 ဒီဇယ်-လျှပ်စစ် စွမ်းအင်သုံး ကိုယ်ပျောက်ရေငုပ်သင်္ဘော Novorossiysk သည် ပင်လယ်နက်တွင် လေ့ကျင့်မောင်းနှင်ရေး ပြုလုပ်ခဲ့ကြောင်း TASS သတင်းအေဂျင်စီက နိုဝင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။