ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာကမ်းခြေ၌ အပန်းဖြေရန် လာရောက်သူ များပြားသဖြင့် ယင်းနေရာများတွင် ဈေးဆိုင်ပေါင်း ၁ဝဝ ကျော် ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ညောင်တုန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဂျကာတာ၊ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရေပြင်၌ ခရီးသည် ၂ဝဝ ကျော်လိုက်ပါလာသော ကူးတို့ရေယာဉ် တစ်စင်းသည် ယနေ့( ဇန်နဝါရီလ ၁ရက်) တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လှေပေါ်လိုက်ပါလာသူများအနက် ၂၃ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရကာ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) နိုင်ငံတကာ မြို့ကြီးများ၌ ဖောက်လုပ်ထားသော မြေအောက်ရထားလမ်းနှင့် ကားလမ်းများကဲ့သို့ ရန်ကုန်မြို့၌လည်း ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး ကပြောသည်။