ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟိုကေဒေကုန်း ကျေးရွာအနီး၌ ဖေဖော်ဝါရီ ၂၆ရက်နေ့က ဒေသန္တရလက်လုပ်မိုင်း တစ်လုံးတေ့ွရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံပိုင် Petrobras ရေနံကုမ္ပဏီသည် ရေနံထုတ်လုပ်ပြီးနောက် ထွက်ရှိလာသည့် ရေဆိုးများအား သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်ခဲ့သဖြင့် ဘရာဇီးငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃၁ သန်း) ဒဏ်ကြေးပေးဆောင်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၆...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေ ၅နာရီ ၄၀မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၂၇လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ တောင်ပိုင်းကုန်းမြင့် ပြည်နယ်၊ မန်ဒီမြို့ အနောက်တောင်ပိုင်း ၉၆ကီလိုမီတာ တွင် ဖေဖော်ဝါရီ ၂၆ရက်က အင်အား ၇.၅ပမာဏရှိ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ဖေဖော်ဝါရီ ၂၇ရက်တွင် လူ ၃၀ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။