နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ၁၉၅၀ ခုနှစ်မှ စကာ မကျင်းပဖြစ်သည့် ဗိုလ်ရှုခံသဘင် အခမ်းအနားကို ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပသည့် နေပြည်တော်တွင် ပထမအကြိမ် ပြန်လည်ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၅၀) ကျော် အတွင်း ပထမဆုံး ပြန်လည်ကျင်းပသော ဗိုလ်ရှုခံ အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်ပြည်၏ စပ်ကူးမတ်ကူး ကာလဖြစ်သည့် ၂၀၁၂ခုနှစ်နှောင်းပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် (Xi Jinping) သည်သမ္မတနေရာ ထမ်းဆောင်ခဲ့ပြီး လူထုအား အကျိုးပြုရန် ကြီးလေးသည့် တာဝန်များ ထမ်းရွက်ခဲ့သည်။
စိမ်းကျန့်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအခြေစိုက် ဟွာဝေးနည်းပညာ ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ ဝင်ငွေ ရရှိခဲ့ပြီး၂၀၁၃ ခုနှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာသည်ဟု စီအီးအို Hu Houkun က ပြောသည်။
နယူးယောက်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် အခြားငွေကြေးများကို ကျော်တက်ကာ မြင့်တက် လာခဲ့သည်။ ၅ နှစ်နီးပါးတွင် ယူရိုကို ကျော်ဖြတ်ကာ အမြင့်ဆုံး ဈေးအထိ ရောက်ရှိခဲ့သည်ဟု ဥရောပ သမ္မဂ ဆိုင်ရာ ဗဟိုဘဏ်မှ ထောက်ပြခဲ့သည်။