ကူမင်း၊ ဒီဇင်ဘာ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအကူအညီဖြင့်ထိုင်းနိုင်ငံဘန်ကောက် မြို့တော်နှင့် နာခွန်ရတ်ချာစီမာ ပြည်နယ်ကို ဆက်သွယ်ဖောက်လုပ်မည့်မြန်နှုန်းမြင့်ရထားလမ်း ပထမအဆင့် ကိုစတင်ဆောင်ရွက်လျက် ရှိပြီဖြစ်သည်။ ထိုရထားလမ်းစီမံကိန်းဖြင့် ထိုင်းနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ်ကို အဆင့်မြှင့်တင်စေမည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှှုကိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါ ရထားလမ်း ပထမအဆင့်မှာ ၂၅၃ ကီလိုမီတာ ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်နှင့်...
ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ညမထွက်ရအမိန့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ဒီဇင်ဘာ ၂၅ ရက်က နှစ်လထပ်တိုးလိုက်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) နှလုံးနှင့်ကျောက်ကပ်ရောဂါ ကုသရာတွင် One Stop Service ပြုလုပ်နိုင်သော Kan Thar Yar International Specialist Hospitalကို ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
မော်စကို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒီဇင်ဘာ ၂၅ ရက်က မြေအောက်လူသွားလမ်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး ဝင်ရောက်လာသဖြင့် အနည်းဆုံး လူ ၄ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။