နေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ( ၂၀၁၆ အောက်တိုဘာမှ ၂၀၁၇ မတ်လ ကုန် အထိ) အခွန်ကောက်ခံ ရရှိငွေမှာ ကျပ် ဘီလျံ ၄၅၇၃ ဒသမ ၉၀၄ ဖြစ်ပြီး...
လန်ဒန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ ပဲရစ် သဘောတူညီချက်မှ နုတ်ထွက်သည့် ဆုံးဖြတ်ချက်မှာ ကမ္ဘာကြီးအား သောကြာဂြိုဟ်ကဲ့သို့ ပူလောင်သော မှန်လုံအိမ်အဖြစ် ပြောင်းလဲသွားစေမည် ဖြစ်ကြောင်း ဗြိတိန် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း (Stephen Hawking) က ပြောကြားခဲ့သည်။
ဘာဂို့စ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့် ဘော်နိုပြည်နယ် မှ ဘိုကိုဟာရမ် စစ်သွေးကြွ အယောက် ၇၀၀ သည် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များထံ လက်နက်ချခဲ့ကြောင်း နိုင်ဂျီးရီးယားစစ်တပ်က ဇူလိုင် ၃ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသို့ အထောက်အထားမရှိရောက်ရှိနေသော မြန်မာလုပ်သား ၁၉၄ ဦးသည် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။