လန်ဒန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ပရီးမီးယားလိဂ် ပွဲစဉ်-၃၁ အဖြစ် မတ် ၂၁ ရက် ညပိုင်းက ဘရိုက်တန်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘရိုက်တန်က ဝါရင့်တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ခ်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဧည့်သည် လီဗာပူးလ်အသင်း၏...
ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာတွင် မတ် ၂၁ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည့် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ၏ ၁၀ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ) အမေရိကန်၊ အစ္စရေးနှင့် အီရစ် စစ်ပွဲအချိန်ကြာရှည်လာခြင်းကြောင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်မှုများက ဆက်တိုက် အဟန့်အတားဖြစ်လျက်ရှိပြီး ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးစနစ်သည်လည်း ကမောက်ကမနှင့် ရှုပ်ထွေးလျက်ရှိရာ ကမ္ဘာ့ရေနံဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်သွားသလို ကမ္ဘာ့လေကြောင်းလိုင်းများသည်လည်း ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပေသည်။
ဝါရှင်တန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် ၄၈ နာရီအတွင်း ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ဖွင့်ပေးခြင်းမရှိပါက အီရန်၏ ဓာတ်အားပေးစက်ရုံများကို “တိုက်ခိုက်ဖျက်ဆီးပစ်မည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၂၁ ရက်၌ ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် လာမည့် ငါးနှစ်တာကာလအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အနာဂတ်စီမံချက်သစ်ကို ချမှတ်ကျင့်သုံးလျက်ရှိသည်နှင့်အမျှ နိုင်ငံစုံတွင် အခြေစိုက်သည့် ကုမ္ပဏီကြီးများနှင့် တစ်ကမ္ဘာလုံးမှ ရင်းနှီးမြှုပ်နှံသူများသည် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ၏ အဓိက ကဏ္ဍများ၌ ခိုင်မာသေချာသည့် အခွင့်အလမ်းများကို သိမြင်လာကြပြီး တရုတ်ဈေးကွက်၌ ၎င်းတို့၏ အခြေချမှုကို...