တရုတ်နိုင်ငံက Long March-3B ဒုံးပျံကို အသုံးပြုကာ Shijian-25 စမ်းသပ်ဂြိုဟ်တုတစ်စင်းအား ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့သည်။ နောက်ပိုင်းတွင် သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများ တင်ဆောင်ထားသော အဆိုပါ ဒုံးပျံကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန်...
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန်တို့သည် ဇန်နဝါရီ ၇ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ အမေရိကန်၏ နိုင်ငံရေးအသွင်ကူးပြောင်းမှု ကာလအတွင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းရန်၊ သဘောထားကွဲလွဲမှုများကို ကိုင်တွယ်စီမံရန်၊ တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တည်ငြိမ်အောင် ဆက်လက်ထိန်းသိမ်းရန်...
တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေးစီမံကိန်း ရေးဆွဲသူဖြစ်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က တပေါင်းတစည်းတည်းဖြစ်သော နိုင်ငံလုံးဆိုင်ရာဈေးကွက် ဖော်ဆောင်ရေးအတွက် လမ်းညွှန်ချက်တစ်ရပ်ကို ဇန်နဝါရီ ၇ ရက်၌ ထုတ်ပြန်ခဲ့သည်။ ယင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ဗဟိုအဆင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ ကြေညာခဲ့သော...
တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အီရန်အနေဖြင့် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် ဘယ်သောအခါမျှ တိမ်ရှောင်ခဲ့ခြင်းမရှိကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က မြို့တော် ဟီတီရန်တွင် ပြောကြားခဲ့သည်။ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အီရန်နှင့် အမေရိကန် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် ဖြစ်နိုင်၊...
ဘာလင်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) BMW သည် တရုတ်နိုင်ငံဈေးကွက်၌ အခြေစိုက်လုပ်ဆောင်နေသည်မှာ နှစ် ၃၀ ရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံသည် BMW ၏ တစ်ကမ္ဘာလုံး၌ အကြီးဆုံးဈေးကွက် ဖြစ်သည်သာမက ၎င်းတို့ ဂျာမနီရုံးချုပ်ပြီးနောက် အကြီးဆုံးသုတေသနပြုစင်တာနှင့် ထုတ်လုပ်ရေး အခြေစိုက်စခန်းလည်း ဖြစ်သဖြင့် BMW အတွက် အလွန်အရေးကြီးကြောင်း...