ကူမင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၂ ရက်တွင် လတ်ဆတ်သော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များအပြည့်တင်ဆောင်ထားသော တရုတ်-လာအို မီးရထားလမ်း နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေး မီးရထားတစ်စင်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဝမ်းကျားရင် အနောက်ဘူတာမှ လာအိုနိုင်ငံသို့ ခရီးစတင်ခဲ့သည်။
ဂျေရုဆလမ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံမှပစ်လွှတ်သော ဒုံးကျည်တစ်စင်းသည် ဇန်နဝါရီ ၃ ရက်တွင် အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ယင်းနေ့ နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်ထိပ်တန်းကားကုမ္ပဏီ FAW Group ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်သော မော်တော်ကားအမှတ်တံဆိပ် တစ်ခုဖြစ်သည့် Hongqi ၏ နှစ်စဉ်ရောင်းအားပမာဏသည် ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ် အစီးရေ ၄၀၀,၀၀၀ ကျော်ထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua) …………………………………….. (English...
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်၌ ဘိန်းဖြူဘလောက်တုံး ၄ဝ ဒသမ ၂ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၂ သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင် ကြေးမုံသတင်းစာက ဇန်နဝါရီ ၃ ရက်တွင် ဖော်ပြခဲ့သည်။
ချုံချင့်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) China Express လေကြောင်းလိုင်း၏ တရုတ်ပြည်တွင်းထုတ် C909 လေယာဉ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နံနက်ခင်းက ချုံချင့်မြို့ ဝမ့်ကျိုးခရိုင်ရှိ ဝမ့်ကျိုးဝူချောင်လေဆိပ်သို့ တည်ငြိမ်စွာ မြေပြင်သို့ ဆင်းသက်ခဲ့ရာ အဆိုပါလေယာဉ်မော်ဒယ်ကို တရုတ်ပြည်တွင်းထုတ်ဘရိတ်စနစ်ဖြင့် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာလုပ်ဆောင်ပြီးစီးခြင်း၏...