ကိုင်ရို ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ဝင်ရောက်မှုပမာဏသည် အကြိမ်ရေ ၁၅.၇ သန်းကျော်ခဲ့ပြီး သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း အီဂျစ်နိုင်ငံဝန်ကြီးချုပ် Mostafa Madbouly က ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါကိန်းဂဏန်းသည် စိတ်အားတက်ဖွယ်ဖြစ်စေကြောင်း...
ဟူစတန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းမြို့တွင် ဒီဇင်ဘာ ၁ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော “ရည်ရွယ်ချက်ရှိရှိ” လူအုပ်ကြီးကို ကားဖြင့် ဝင်တိုက်ခြင်းကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ တရားဝင်သတင်းအချက်အလက်အရ သိရသည်။ ပစ်ခတ်ရှင်းလင်းခံခဲ့ရသော သံသယတရားခံမှာ...
လွန်ခဲ့သောနှစ်ပေါင်း ၂ ဘီလီယံခန့်က တည်ရှိခဲ့သည့် ဒိုင်နမို သံလိုက်စက်ကွင်းမှာ အားလျော့သွားသော်လည်း လကမ္ဘာပေါ်တွင် ယနေ့ထက်တိုင် ဆက်လက်တည်ရှိနေသည်ကို တရုတ်နိုင်ငံ၏ Chang’e-5 မစ်ရှင်၌ စုဆောင်းရယူခဲ့သော နမူနာများအား သရုပ်ခွဲလေ့လာမှု အသစ်တစ်ရပ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ လ၏ သံလိုက်စက်ကွင်း ဆင့်ကဲပြောင်းလဲလာပုံ၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြင်းအားတို့ကို နားလည်သိရှိခြင်းက ထိုသံလိုက်စက်ကွင်း၏...
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမောင်းနှင်ရာ၌ အဓိက အခန်းကဏ္ဍတွင် မုချ ပါဝင်နေသည့်အလျောက် နိုင်ငံအများအပြားမှ ကျွမ်းကျင်သူများနှင့် စီးပွားရေးပညာရှင်များက တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ခိုင်မာအားကောင်းခြင်း၏ အရေးပါပုံကို အလေးထားပြောဆိုလျက်ရှိသကဲ့သို့ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသည်ဟုလည်း ယူဆလျက်ရှိသည်။...
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဖူကျန့်ပြည်နယ်ရှိ ကျန်းကျိုး နျူကလီးယားစွမ်းအင် စီမံကိန်း၏ ပထမဆုံး ဓာတ်အားထုတ်လုပ်ရေးယူနစ်အား စီးပွားရေးလုပ်ငန်းသုံးအတွက် စတင်လည်ပတ်လျက်ရှိကြောင်း တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်းထံမှ သိရသည်။ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ပေါင်းစပ်အသုံးပြုမှု တိုးမြှင့်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်နှစ်မျိုးအား ပြည့်မီရေးအတွက် ကြိုးပမ်းနေချိန်တွင် ယင်းသည် ပြည်တွင်း၌ တီထွင်ထုတ်လုပ်သော တတိယမျိုးဆက် ဓာတ်ပေါင်းဖို...