ပေကျင်း ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းပတ်နေသော တရုတ်နိုင်ငံ၏ ထျန်းကုန်းအာကာသစခန်းရှိ Shenzhou-15 အာကာသယာဉ်မှူးများသည် စတုတ္ထအကြိမ်မြောက် အာကာသယာဉ်ပြင်ပ လမ်းလျှောက်ခြင်းလုပ်ငန်းပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ အာကာသယာဉ်မှူး သုံးဦးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် အာကာသအတွင်းသို့...
ရန်ကုန် ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ ၃,၀၀၀ ကျော်ကို ယနေ့(ဧပြီလ ၁၇ရက်) နှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြန်မာ့နှစ်သစ်ကူး ဧပြီ ၁၆ ရက် အတာသင်္ကြန် (အတက်နေ့) ညနေပိုင်းတွင် မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ပိတ်သိမ်းပေးခဲ့ပြီး လှပျိုဖြူလေးများ၏ သင်္ကြန်ယိမ်း အကအလှများဖြင့် ကပြဖျော်ဖြေပေးခဲ့သည်။ (Xinhua)
ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် (အတက်နေ့) ရောက်ရှိလာပြီဖြစ်ကာ ဧပြီ ၁၆ ရက် ညနေပိုင်းတွင် မြို့တော်သင်္ကြန် မဏ္ဍပ်ရှိ ရေကစားကြသူများ၊ ရေပက်ခံသူများနှင့် လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲကြသူများကို ရိုက်ကူးဖော်ပြအပ်ပါသည်။ (Xinhua)