တိဗက်၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရိကန်အမျိုးသားဘူမိဥယျာဉ်တွင် ရွှေ့ပြောင်း ကြိုးကြာခေါင်းမည်းငှက်အုပ်တစ်အုပ်ကို တွေ့ရှိခဲ့သည်။ ကြိုးကြာခေါင်းမည်းငှက်သည် တရုတ်နိုင်ငံတွင် နိုင်ငံအဆင့် ပထမတန်းစားထိန်းသိမ်းစောင့်ရှောက်မှုအောက်ရှိ မျိုးစိတ်တစ်ခုဖြစ်သည်။ အဆိုပါ မျိုးတုန်းလုနီးပါးမျိုးစိတ်များသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂,၅၀၀-၅,၀၀၀ ရှိ ကုန်းပြင်မြင့်များ၊ မြက်ခင်းပြင်များ၊...
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်း အာဆီယံနိုင်ငံများ နှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံကျော် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃. ၅၃၈ ဘီလီယံကျော်ရှိပြီး သွင်းကုန်တန်ဖိုးမှာ...
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လေအားလျှပ်စစ်စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ သဘောတူညီမှုစာချွန်လွှာ (MoA) လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မတ် ၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ နေပြည်တော်၌ မတ် ၂ ရက်က ကျင်းပသည့်...
တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ အမေရိကန်က လက်နက်ရောင်းချမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ယင်းလုပ်ရပ်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ကြေညာချက်သုံးရပ်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခြင်းဖြစ်ကြောင်း တရုတ်ပြည်မကြီးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။(Xinhua) ………………………….. (English Version) A Chinese mainland spokesperson expressed firm opposition to...
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယနိုင်ငံနိုင်ငံခြားရေးဝန်ကြီးတို့သည် နယ်ပယ်အသီးသီး၌ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူအချင်းချင်းကူးလူးဆက်ဆံရေး၊ နယ်စပ်အခြေအနေ ပုံမှန်အတိုင်းစီမံခန့်ခွဲရေးတို့ကို ဆွေးနွေးရန်အတွက် မတ် ၂ ရက်တွင် အိန္ဒိယမြို့တော်၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ (Xinhua) ………………………… (English Version) Chinese, Indian FMs met in Indian capital on...