မနီလာ ၊ မတ် ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေး ရောက်ရှိလာပြီးနောက် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်အား ယနေ့ မတ် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး၊မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေး ဒုတိယအသုတ်သည် မက္ကဆီကိုနိုင်ငံသို့ စနေနေ့က ရောက်ရှိလာခဲ့ကြောင်း မက္ကဆီကိုကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ဆေးဝန်ထမ်းစသည့် ရောဂါကူးစက်မှုအန္တရာယ်များသည့်လူအုပ်စုများကို တရုတ်နိုင်ငံ Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးAnutin Charnvirakul အပါအဝင် ကက်ဘိနက်အဖွဲ့ဝင် (၅)ဦးက ကာကွယ်ဆေးထိုးနှံမှုကို ဦးစွာခံယူခဲ့ကြောင်းသိရသည်။
ဒါကာ ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စာသင်ကျောင်းများ နှင့် ကောလိပ်များ အားလုံး မတ်လ ၃၀ ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည်ဟု အစိုးရက ကြေညာခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) ယခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန်နိုင် လွှတ်တော်အဆောက်အဦထဲသို့ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်သည်ဟု သံသယရှိသူများအား တရားစွဲဆိုထားရာ လူပေါင်း (၃၀၀)ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် အနည်းဆုံး လူ(၂၈၀)ကို ဖမ်းဆီးထားကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။