ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အချို့ဝင်ငွေမြင့်မားသည့်နိုင်ငံများနှင့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်သောကုမ္ပဏီလုပ်ငန်းများအကြား ချုပ်ဆိုထားသည့် ကာကွယ်ဆေးဝယ်ယူရေး စာချုပ်များသည် WHOမှဦးဆောင်သည့် ကိုဗစ်ကာကွယ်ဆေးအစီအစဉ်(COVAX)ကို ထိခိုက်စေရာ အစီအစဉ်အရ ဝယ်ယူရမည့် ကာကွယ်ဆေးပမာဏ လျော့နည်းသွားစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) COVID-19 ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူကုန်စည်တစ်ခုဖြစ်ရန်၊ အားလုံးအတွက် သင့်တင်မျှတစွာ ရရှိရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဖေဖော်ဝါရီ ၂၂ ရက်က အလေးထားပြောကြားခဲ့သည်။
အနောက်ဂျာဗား၊အင်ဒိုနီးရှား၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)
မက္ကဆီကိုအီတီပက် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မက္ကဆီကိုပြည်နယ် အီတီပက်မြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်က တရုတ်နိုင်ငံ မှ ထုတ်လုပ်သော Sinovac COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့သည်။
နယူးယောက်၊ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ အရေအတွက်သည် ထိတ်လန့်တုန်လှုပ်ဖွယ် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည့် သန်းဝက်( ၅သိန်း) ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန (CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။