ကိဗ် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း Kherson ဒေသ၌ ဇွန် ၁ ရက်မှ ၃ ရက်အထိ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်လျက်ရှိကြောင်း ယူကရိန်း ပြည်တွင်း သတင်းအေဂျင်စီ Ukrinform ၏ သတင်းဖော်ပြမှုအရ သိရသည်။
ပေကျင်း၊ဇွန် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအတွင်းရှိ မသန်စွမ်းကလေးငယ် ၆၇၆,၀၀၀ သည် ၂၀၁၈ ခုနှစ်မှစတင်ကာ အစိုးရဦးဆောင်သော ပြန်လည်ထူထောင်ရေးအစီအစဉ်မှ ပြန်လည်ထူထောင်ခြင်းဝန်ဆောင်မှုအထောက်အပံ့များကို ရရှိခံစားရကြောင်း တရုတ်မသန်စွမ်းသူများဖက်ဒရေးရှင်းက ယနေ့ ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
ကွေ့ယန် ၊ ဇွန် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ သည် ဇွန် ၁ ရက်၌ ဗီဒီယိုကွန်ဖရန့် ပုံစံဖြင့်ပြုလုပ်သော BRICS အဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ BRICS အဖွဲ့ဝင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီးနောက်တွင်...
ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ) ယခုလတွင် ကျင်းပမည့် ရုရှား-အမေရိကန် နှစ်နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေးပွဲတွင် အပြောင်းအလဲကြီးကြီးမားမား ရလဒ်ထွက်ရန် မျှော်လင့်မထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Kobeမြို့ တွင် ယခင်က ပြည်တွင်း၌မတွေ့ရှိရသေးသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးကိုတွေ့ရှိခဲ့ရာ ၎င်းမှာ ဗြိတိန်၌တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်၏ ထပ်မံအသွင်ပြောင်းမှုဖြစ်သည်ဟု Kobeမြို့အစိုးရက ဇွန် ၁ ရက်တွင် ကြေညာခဲ့ကြောင်း NHK သတင်းများအရ သိရသည်။